Chapter-03
- Home
- ကားပါကင်မှမီးပွားလေးများ
- Chapter-03 - မထင်မှတ်ထားသော နီးစပ်မှုနှင့် ညဈေးတန်းမှ အထိအတွေ့
ည ၇ နာရီခန့်…
ဟိုတယ်အခန်းထဲတွင် ချောအိဖြူတစ်ယောက် မှန်ရှေ့ရပ်ကာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်နေမိသည်။ အဝါရောင် ရင်ဖုံးအင်္ကျီ လက်ပြတ်လေးနှင့် အဝါရောင် ထဘီအဆင်လေးကို ဝမ်းဆက်ဝတ်ဆင်ထားရာ သူမ၏ ဝင်းဝါသော အသားအရေနှင့် အလွန်လိုက်ဖက်နေသည်။ ခင်ပွန်းသည် မရှိခိုက် တစ်ယောက်တည်း ညစာထွက်စားရန် ပြင်ဆင်ထားခြင်း ဖြစ်သော်လည်း စိတ်ထဲတွင် တစ်စုံတစ်ယောက်ကို တွေ့ရလိုတွေ့ရငြား မျှော်လင့်ချက်လေးက ကိန်းအောင်းနေသည်။
“ကလစ်…”
အခန်းတံခါးကို ဖွင့်ပြီး အပြင်သို့ ခြေလှမ်းလှမ်းလိုက်ချိန်တွင် သူမ၏ မျက်နှာချင်းဆိုင် အခန်းတံခါးကလည်း ပွင့်လာသည်။
ကံကြမ္မာသည် သူတို့နှစ်ဦးဘက်တွင် ရှိနေသည်ဟု ဆိုရမည်။ အခန်းထဲမှ ထွက်လာသူမှာ စိုင်းစိုင်း။ အဖြူရောင် တီရှပ်နှင့် ဂျင်းဘောင်းဘီကို ပေါ့ပါးစွာ ဝတ်ဆင်ထားသော စိုင်းစိုင်းက ချောအိဖြူကို မြင်လိုက်ရချိန်တွင် အံ့ဩသွားပြီးနောက် မျက်နှာတစ်ခုလုံး ဝင်းလက်သွားသည်။
“ဟာ… မမ… ဒီအခန်းမှာ တည်းတာလား”
စိုင်းစိုင်း၏ အသံတွင် ဖုံးဖိမရသော ဝမ်းသာမှုများ ပြည့်နှက်နေသည်။ ချောအိဖြူလည်း ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားကာ ရှက်ပြုံးလေး ပြုံးလိုက်မိသည်။
“ဟုတ်တယ် မောင်လေး… တိုက်ဆိုင်လိုက်တာနော်”
“မမ ဘယ်သွားမလို့လဲ.. တစ်ယောက်တည်းလားဟင်”
စိုင်းစိုင်းက အားနာပါးနာ မေးလိုက်သော်လည်း မျက်လုံးများက အဖြေကို မျှော်လင့်တကြီး စောင့်စားနေသည်။
“အင်း… ညစာ သွားစားမလို့လေ။ မမ အမျိုးသားက သူငယ်ချင်းတွေနဲ့ သွားတွေ့တာ… ဒီည ညနက်မှ ပြန်ရောက်မှာလေ”
ချောအိဖြူက “ညနက်မှ” ဆိုသည့် စကားလုံးကို တမင်လေးသံဖိကာ ပြောလိုက်သည်။ ထိုစကား၏ အဓိပ္ပာယ်ကို နားလည်လိုက်သော စိုင်းစိုင်း၏ မျက်လုံးများ အရောင်တောက်သွားသည်။
မောင်လေးကဘယ်မှာသွားစားမလို့လဲဟင်..နေ့လယ်က မမတို့ကိုကူညီတဲ့အတွက်..မမညစာကျွေးမယ်လေ..”
“ဟို..ကျတော်က..ဒီနားကညဈေးမှာ..တခုခုသွားစားမလိုပါ..မမ…ဒါဆို ကျွန်တော်နဲ့ လိုက်ခဲ့ပါလား မမ။ ဟိုနားလေးမှာ ညဈေးတန်းလေး ရှိတယ်။ အစားအသောက်လည်း ကောင်းတယ်။”
သာမန်အချိန်ဆိုလျှင် ချောအိဖြူ ငြင်းမိလိမ့်မည်။ သို့သော် ယခုအချိန်တွင် ခင်ပွန်းသည်၏ ဂရုစိုက်မှု ကင်းမဲ့ခြင်းများနှင့် စိုင်းစိုင်း၏ နွေးထွေးသော ဖိတ်ခေါ်မှုတို့ကြားတွင် သူမ၏ စိတ်များ ယိမ်းယိုင်သွားခဲ့ပြီ။
“အင်း… လိုက်ခဲ့မယ်လေ”
ဟိုတယ်ကားပါကင်တွင် စိုင်းစိုင်းက ကားတံခါးကို ယဉ်ကျေးစွာ ဖွင့်ပေးသည်။ ချောအိဖြူ ကားပေါ်သို့ တက်လိုက်ချိန်တွင် အဝါရောင် ဝမ်းဆက်လေးအောက်မှ ကျစ်လစ်သော ခါးလေးနှင့် ကားစွံ့သော တင်သားအလှများကို အနီးကပ် မြင်လိုက်ရသော စိုင်းစိုင်းမှာ ရင်ခုန်နှုန်းများ မြင့်တက်လာရသည်။
ကားမောင်းနေစဉ်အတွင်း ကားအဲကွန်းလေနှင့်အတူ ပျံ့လွင့်လာသော ချောအိဖြူ၏ ရေမွှေးနံ့ သင်းသင်းလေးက စိုင်းစိုင်း၏ အာရုံများကို ဖမ်းစားထားသည်။
ညဈေးတန်းသို့ ရောက်သည့်အခါ လူများ တော်တော်စည်ကားနေသည်။ စိုင်းစိုင်းနှင့် ချောအိဖြူတို့ လူအုပ်ထဲသို့ တိုးဝင်လာလေ လူကျပ်လေ ဖြစ်လာသည်။
“မမ.. ရှေ့က သွားနော်.. ကျွန်တော် နောက်က ကာပေးထားမယ်”
လူအုပ်က ရုတ်တရက် တိုးဝှေ့လိုက်ကြသဖြင့် ချောအိဖြူ၏ ကိုယ်လုံးလေးမှာ ယိုင်သွားပြီး အနောက်တွင် ကပ်လိုက်လာသော စိုင်းစိုင်း၏ ရင်ခွင်ကျယ်ကြီးထဲသို့ အံကျ ရောက်ရှိသွားသည်။
“အို…”
ချောအိဖြူ၏ ကျောပြင်နွဲ့နွဲ့လေးနှင့် စိုင်းစိုင်း၏ ရင်ဘတ်တို့ လေပြည်မဝင်လောက်အောင် ပူးကပ်သွားကြသည်။ စိုင်းစိုင်းက သူမကို လူအုပ်မတိုးမိစေရန် လက်နှစ်ဖက်ဖြင့် ဘေးမှ ကာပေးလိုက်ရာ အနေအထားက အနောက်မှ သိုင်းဖက်ထားသလို ဖြစ်သွားသည်။
စိုင်းစိုင်း၏ ရင်ခုန်သံပြင်းပြင်းကို ချောအိဖြူ၏ ကျောပြင်မှတဆင့် ခံစားမိသလို၊ ချောအိဖြူ၏ တင်းရင်းသော တင်သားအိအိများက စိုင်းစိုင်း၏ ပေါင်ကြားသို့ ဖိကပ်မိလျက်သား ဖြစ်နေသည်။ ထိုအထိအတွေ့က နှစ်ဦးသား၏ သွေးများကို ဆူပွက်စေသည်။ လူအုပ်ကြားထဲ (၁၀) မိနစ်ခန့် ကြာအောင် တိုးဝှေ့နေရချိန်သည် သူတို့နှစ်ဦးအတွက် ကမ္ဘာသစ်တစ်ခု ရောက်သွားသလိုပင်။ ဖိုမ သဘာဝ ဆွဲဆောင်မှုများနှင့် ကိုယ်သင်းနံ့များ ရောယှက်ကာ ရင်ခုန်စိတ်လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်စေသည်။
လူအုပ်ကြားမှ လွတ်လာပြီး စားသောက်ဆိုင်လေး၏ ချောင်ကျသော နေရာတစ်ခုတွင် ထိုင်လိုက်ကြမှ ချောအိဖြူ သက်ပြင်းချနိုင်တော့သည်။ သူမ၏ မျက်နှာလေးမှာ ရှက်သွေးကြောင့် နီရဲနေသည်။ စိုင်းစိုင်းကတော့ ထိုလူအုပ်ထဲသို့ ပြန်ဝင်ချင်စိတ် ပေါက်နေမိသည်။
“မမ..ဒါလေးစားကြည့် မမ..ဒါလေးလဲမဆိုးဘူး”
“ဟင်းရည်လေး ပူတုန်း သောက်ကြည့်ပါလား မမ”
စိုင်းစိုင်းက ပန်းကန်များ ပြင်ပေးခြင်း၊ ဟင်းခပ်ပေးခြင်း၊ ရေဖြည့်ပေးခြင်းတို့ကို ဂရုတစိုက် လုပ်ပေးနေသည်။ အိမ်ထောင်သက်တမ်း ကြာလာသည်နှင့်အမျှ ခင်ပွန်းသည်ဆီမှ မရရှိတော့သော ယုယမှုများကို မောင်လေးအရွယ် လူငယ်လေးတစ်ယောက်ဆီမှ ပြန်လည်ရရှိလိုက်ချိန်တွင် ချောအိဖြူ၏ နှလုံးသားက အရည်ပျော်ကျသွားသည်။ သူတို့နှစ်ဦး စကားတွေပြောကြ၊ ရယ်မောကြ၊ သီချင်းသံစဉ်လေးတွေ နားထောင်ကြရင်း အချိန်ကုန်မှန်း မသိခဲ့။
ည (၁၁) နာရီထိုးခါနီးမှ ဟိုတယ်သို့ မပြန်ချင် ပြန်ချင်ဖြင့် ပြန်လာခဲ့ကြသည်။
ကားပေါ်တွင် နှစ်ယောက်စလုံး စကားမပြောမိ။ တိတ်ဆိတ်နေသော်လည်း ထိုတိတ်ဆိတ်မှုက စကားလုံးပေါင်းများစွာထက် ပို၍ အဓိပ္ပာယ်ရှိနေသည်။ ဟိုတယ်အခန်းရှေ့သို့ ရောက်သောအခါ…
“Good Night နော် မမ”
“အင်း.. Good Night မောင်လေး”
အခန်းတံခါး ကိုယ်စီဖွင့်ကာ ဝင်လိုက်ကြသည်။ တံခါးပိတ်ပြီးသည်နှင့် နှစ်ယောက်စလုံး တံခါးကို ကျောမှီကာ သက်ပြင်းချလိုက်မိကြသည်။ တစ်ယောက်ကလည်း မိန်းမသားမို့ မစရဲ၊ တစ်ယောက်ကလည်း အိမ်ထောင်သည်မမ စိတ်ဆိုးသွားမှာ ကြောက်၍ မစရဲဘဲ လမ်းခွဲခဲ့ကြရသည်။
ချောအိဖြူ ရေချိုးပြီး၍ ကုတင်ပေါ် လှဲလိုက်ချိန်တွင် တယ်လီဖုန်း မြည်လာသည်။ ဟိုတယ်အခန်းတွင်း ဖုန်းလိုင်းဖြစ်သည်။
“ဟဲလို…”
“မမလား… ကျွန်တော် စိုင်းစိုင်းပါ”
မျက်နှာချင်းမဆိုင်ရဘဲ ဖုန်းထဲမှတဆင့် ပြောရသည်မို့ စိုင်းစိုင်း၏ အသံက ပို၍ ရဲတင်းနေသည်။
“မမ.. ဒီနေ့ညအတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်လေ မမနဲ့ ခွဲရမှာတောင် စိတ်မကောင်းဘူး”
“မောင်လေးရယ်…”
“ကျွန်တော်တို့ ရန်ကုန်ပြန်ရောက်ရင် ပြန်တွေ့ကြမယ်နော် မမ။ ကျွန်တော့်ဖုန်းနံပါတ် မှတ်ထားပေးပါလား”
ထိုညက ဖုန်းလိုင်းလေးမှတဆင့် သူတို့နှစ်ဦး၏ စကားသံများ တိုးတိုးသက်သာ ထွက်ပေါ်နေခဲ့သည်။ မနက်ဖြန် ခွဲခွာရတော့မည် ဖြစ်သော်လည်း ရန်ကုန်မြို့ကြီးတွင် ပြန်လည်ဆုံတွေ့ကြမည့် “ကတိ” တစ်ခုကို ဖလှယ်နိုင်ခဲ့ကြလေတော့သည်။
Related
Comments for chapter "Chapter-03"
MANGA DISCUSSION
Madara Info
Madara stands as a beacon for those desiring to craft a captivating online comic and manga reading platform on WordPress
For custom work request, please send email to wpstylish(at)gmail(dot)com