Chapter-01
ကျွန်မကတော့ နယ်တက္ကသိုလ်တစ်ခုမှာ တာဝန်ကျနေတဲ့ အိမ်ထောင်ရှင် ဆရာမလေးတစ်ယောက်ပါ။ ကျွန်မရဲ့ ခင်ပွန်းကတော့ မြို့က ဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တစ်ယောက်ပေါ့။ အိမ်ထောင်သက်တမ်း (၈) နှစ်ခန့် ရှိပြီဖြစ်ပြီး၊ ဒီနှစ်ဆိုရင် ကျွန်မအသက် (၃၃) နှစ်ထဲ ရောက်လာပေမဲ့ အခုထိ ကလေးမရသေးပါဘူး။ ကျွန်မတို့ နှစ်ယောက်စလုံးက အလုပ်ကိုယ်စီနဲ့ အလွန်အလုပ်များကြတဲ့ သူတွေပါ။
နယ်မှာ ကျွန်မ တာဝန်ကျလာတော့ တစ်လမှ တစ်ကြိမ်လောက်သာ မြို့ကို ပြန်ရတာမို့၊ နယ်မှာပဲ အနေများလာပါတော့တယ်။ ပင်ကိုယ်က ချောမောလှပပြီး မက်မောဖွယ် ကိုယ်လုံးကိုယ်ပေါက် ပိုင်ရှင်လေးတစ်ယောက်မို့ ကျွန်မကို အိမ်ထောင်ရှိမှန်း သိကြပေမဲ့ လာရောက်ပိုးပန်းသူတွေကတော့ မနည်းလှပါဘူး။ ကျွန်မဘက်ကတော့ ဘယ်သူ့ကိုမှ အလေးပေး ဆက်ဆံခြင်း မရှိခဲ့ပါဘူး။ ကျွန်မက တက္ကသိုလ် ဆရာမတစ်ယောက်မို့ လာရောက်ပိုးပန်းကြပေမဲ့လည်း သိပ်ပြီး ရမ်းရမ်းကားကားနဲ့ ဆိုးဆိုးရွားရွား နှောင့်ယှက်တာမျိုးတော့ မရှိခဲ့ပါဘူး။ ကျွန်မက ကျောင်း၊ အိမ်နဲ့ ဈေးကိုသာ ပုံမှန်သွားနေသူမို့ လာရောက်ပိုးပန်းသူတွေအတွက် အခွင့်အရေး သိပ်မရှိခဲ့ပါဘူး။
ကျွန်မက အပြင်လူတွေကိုသာ သတိထားနေမိခဲ့ပြီး၊ ကိုယ်တိုင် စာသင်ပေးနေတဲ့ တပည့်လေးတစ်ယောက်ကိုတော့ သတိမထားမိခဲ့ပါဘူး။ တောင်ပေါ်မြို့လေးကနေ ကျောင်းလာတက်နေတဲ့ “စိုင်း” ဆိုတဲ့ ကောင်လေးဟာ ယဉ်ယဉ်ကျေးကျေးနဲ့ ကျွန်မကို ရိုရိုသေသေ ဆက်ဆံတတ်ပါတယ်။ ကျွန်မကို အစစအရာရာ ကူညီပေးပြီး အလိုလိုက် အကြိုက်ဆောင်တတ်တာမို့ ကျွန်မ တော်တော်လေး အားကိုးရတဲ့သူလေး တစ်ယောက်ပါ။
ဈေးသွားဈေးဝယ်ကိစ္စနဲ့ ပစ္စည်းသယ်ယူတာကအစ အကုန်လုံး သူ့ကိုပဲ အားကိုးနေရတော့ စိုင်းဆိုတဲ့ ကောင်လေးတစ်ယောက်တည်းသာ ကျွန်မအိမ်ထဲကို တံခါးမရှိ ဓားမရှိ ဝင်ထွက်သွားလာနိုင်ဖို့ အခွင့်အရေး ပေးခဲ့မိပါတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်မက သူ့ကို တပည့်လေးတစ်ယောက်လိုပဲ သဘောထားခဲ့တာ အမှန်ပါ။
စိုင်းက အသက် (၂၀) ခန့်သာရှိသေးတဲ့ ဒုတိယနှစ် ကျောင်းသားလေးတစ်ယောက်ပါ။ ရှမ်းလူမျိုးဖြစ်ပြီး သန့်သန့်ပြန့်ပြန့်၊ အသားဖြူဖြူနဲ့ ရုပ်ချောချောလေးပေါ့။ အားကစား လိုက်စားသူမို့ ယောင်္ကျားပီသတဲ့ ဗလတောင့်တောင့်၊ အရပ်မြင့်မြင့်နဲ့ ဒေါင်ကောင်းတဲ့ ကိုယ်လုံးပိုင်ရှင် တစ်ယောက်ပါ။ တီဗီထဲက ကိုရီးယားမင်းသားလေးတွေလို စတိုင်မျိုးပေါ့။ စကားပြောရင် ဝဲဝဲလေးနဲ့ မပီတပီ၊ မမှန်တမှန် ရိုးရိုးလေး ပြောတတ်တာကလည်း သူ့ရဲ့ ချစ်စရာကောင်းတဲ့ စတိုင်လေး တစ်မျိုးပါ။
ဒီလိုနဲ့ ကျွန်မဟာ နယ်မှာနေလာရင်း ကျွန်မအပေါ် အစစအရာရာ ကူညီပေးပြီး အလိုလိုက် အကြိုက်ဆောင်ပေးတဲ့ စိုင်းနဲ့ အနေနီးဖန် များလာပါတယ်။ ကျောင်းပိတ်ရက်တွေမှာ အိမ်နဲ့ကျောင်းပဲ ကူးနေတဲ့ ကျွန်မကို ကျွန်မအကြိုက်ဆုံး သဘာဝနေရာလေးတွေဖြစ်တဲ့ ရေတံခွန်၊ တောင်တန်းတွေ၊ တောအုပ်စိမ်းစိမ်းတွေနဲ့ ပန်းခြံလှလှလေးတွေဆီကို စိုင်းက တစ်ပတ်ပြီး တစ်ပတ် မရိုးနိုင်အောင် လိုက်ပို့ပေးတတ်ပါတယ်။ သဘာဝအလှအပတွေကို မြင်တွေ့ခံစားရတော့ ကျွန်မဟာ အရင်ကထက် ပိုပြီး ပျော်ရွှင်လာမိပါတယ်။
ဒီလိုနဲ့ ကျောင်းပိတ်ရက်တိုင်း မြို့ကိုပြန်တဲ့ရက်ကလွဲရင် ကျွန်မက တပည့်လေးစိုင်းနဲ့ မြို့ပြင်က နေရာလေးတွေဆီကို နေ့ချင်းပြန် ခရီးလေးတွေ အပတ်တိုင်း သွားဖြစ်နေပါတယ်။ ကျောင်းမှာလည်း စိုင်းနဲ့ အမြဲတွေ့ရသလို၊ ကျောင်းဆင်းရင်လည်း အိမ်မှာလာကူညီ၊ စာပြပေးရင်း ညမှ ပြန်သွားတတ်ပါတယ်။ ကျောင်းပိတ်ရက်တွေမှာလည်း စိုင်းနဲ့ လွတ်လွတ်လပ်လပ် နေရာတကာကို အတူတူသွား၊ အတူတူစား ဖြစ်လာကြပါတယ်။ ကြာလာတော့ ကျွန်မရဲ့ မသိစိတ်ထဲမှာ အနေနီးလွန်းဖန်များလာလို့ သံယောဇဉ်တွေ တွယ်လာမှန်းမသိ တွယ်တာလာမိပါတော့တယ်။
အရင်က သတိမထားမိတဲ့ သူ့ရဲ့ မျက်နှာချောချောလေးတွေ၊ အပြုံးလှလှလေးတွေ၊ ခေါင်းမှီပြီး နားခိုလို့ကောင်းမယ့် ရင်ဘတ်ကျယ်ကြီးတွေနဲ့ တွဲခိုချင်စရာ သန်မာတဲ့ လက်မောင်း ကြွက်သားလေးတွေကို နီးနီးကပ်ကပ် မြင်တွေ့ကြားသိနေရဖန်များလာတော့… သူ့ကို တပည့်လေးလို၊ ကလေးတစ်ယောက်လို သဘောထားခဲ့တဲ့ စိတ်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတော့တယ်။ ကျွန်မကို တခြားဆရာမတွေက ကံကောင်းတယ်လို့ ပြောကြရတဲ့အထိ ကျွန်မအပေါ် သဘောထားကောင်းလွန်းတဲ့ ဒီကောင်လေးဟာ အခုတော့ ကျွန်မရဲ့ စိတ်ကူးယဉ်ထဲမှာ မင်းသားလေးတစ်ယောက်အဖြစ် နေရာယူလာပါပြီ။
Related
Comments for chapter "Chapter-01"
MANGA DISCUSSION
Madara Info
Madara stands as a beacon for those desiring to craft a captivating online comic and manga reading platform on WordPress
For custom work request, please send email to wpstylish(at)gmail(dot)com