Chapter-01
ဆောင်းရာသီရဲ့ အေးမြတဲ့လေညင်းက တောင်ပေါ်မြို့လေးကို လွှမ်းခြုံထားသလို ကျမရဲ့နှလုံးသားကလည်း အထီးကျန်ဆန်မှုတွေနဲ့ အေးစက်နေခဲ့တာ ကြာပါပြီ။ ကျမနာမည်က မေသူပါ၊ အသက် ၃၃ နှစ်အရွယ် တက္ကသိုလ်ဆရာမတစ်ယောက်ပါ။ မြို့ကြီးပြကြီးက ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ခင်ပွန်းသည် ဆရာဝန်နဲ့ လက်ထပ်ခဲ့တာ ၈ နှစ်ဆိုတဲ့ ကာလတစ်ခုကို ကျော်ဖြတ်ခဲ့ပေမယ့် ရင်သွေးရတနာလေး တစ်ယောက်မှ မထွန်းကားခဲ့ပါဘူး။ နှစ်ယောက်စလုံးက ကိုယ့်အလုပ်ကိုယ်စီနဲ့ လုံးပတ်လည်နေကြပြီး တစ်လမှ တစ်ခါလောက်သာ ဆုံဖြစ်တဲ့ အိမ်ထောင်ရေးက သိပ်တော့ အဆင်ပြေလှတယ် မဆိုသာပါဘူး။
ပင်ကိုယ်ကမှ အသားဖြူဖြူ၊ ခါးသေးရင်ချီနဲ့မို့ ကျမကို အိမ်ထောင်သည်မှန်း သိရက်နဲ့ လာရောက်ကမ်းလှမ်း ပိုးပန်းသူတွေက နယ်မြို့လေးမှာ မနည်းလှပါဘူး။ ဒါပေမဲ့ ကျောင်းဆရာမဆိုတဲ့ သိက္ခာနဲ့ မာနကို အကာအကွယ်ယူပြီး ဘယ်သူ့ကိုမှ မျက်နှာသာမပေး၊ အေးစက်စက်ပဲ နေခဲ့ပါတယ်။ ကျောင်း၊ အိမ်၊ ဈေး.. ဒီသုံးနေရာလောက်သာ ပုံမှန်သွားလာတတ်တဲ့ ကျမရဲ့ စည်းဝိုင်းလေးထဲကို ဝင်ခွင့်ရခဲ့သူက တစ်ယောက်တည်း ရှိပါတယ်။
သူကတော့… “စိုင်း”။
စိုင်းက ကျမရဲ့ တပည့်လေးပါ။ အသက် ၂၀ အရွယ်၊ ဒုတိယနှစ် ကျောင်းသားလေးပေါ့။ ရှမ်းတိုင်းရင်းသားလေးပီပီ အသားအရေက ဖြူဝင်းပြီး သန့်ပြန့်နေတယ်။ အားကစားလိုက်စားထားတဲ့ ခန္ဓာကိုယ်က ကျစ်လစ်မာကျောပြီး၊ အရပ်အမောင်းက မြင့်မားကာ တကယ့် ကိုရီးယားမင်းသားလေးတွေလို ဆွဲဆောင်မှုရှိသူပါ။ စကားပြောရင် ရှမ်းသံဝဲဝဲလေးနဲ့ ရိုးရိုးအေးအေးလေး ပြောတတ်တာကပဲ သူ့ရဲ့ ချစ်စရာကောင်းတဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်နေခဲ့တယ်။
“ဆရာမ… ဈေးခြင်းတောင်း လေးနေမယ်၊ ကျွန်တော် သယ်ပေးမယ်လေ”
“ဆရာမ… အိမ်အမိုးမလုံတာ ကျွန်တော် ပြင်ပေးမယ်နော်”
ဒီလိုနဲ့ ကျမရဲ့ နေ့စဉ်ဘဝထဲကို စိုင်းက ရေလိုလေလို တိုးဝင်လာခဲ့တယ်။ ကျမရဲ့ အိမ်သော့ကိုတောင် ကိုင်ခွင့်ရတဲ့အထိ စိုင်းကို ယုံကြည်ခဲ့မိတယ်။ အစပထမတော့ သူ့ကို မောင်လေးတစ်ယောက်၊ တပည့်လေးတစ်ယောက်လို သံယောဇဉ်ထားမိပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ အရာရာ ပြောင်းလဲလာခဲ့ပါတယ်။
ကျောင်းပိတ်ရက်တွေဆိုရင် စိုင်းက ကျမကို ဆိုင်ကယ်လေးနဲ့ မြို့ပြင်က သဘာဝရှုခင်းလှတဲ့ နေရာတွေဆီ အမြဲလိုက်ပို့ပေးတတ်တယ်။ စိမ်းလန်းတဲ့ တောင်တန်းတွေ၊ အေးမြတဲ့ ရေတံခွန်တွေကြားမှာ ကျမတို့နှစ်ယောက်ရဲ့ ရယ်မောသံတွေ လွင့်ပျံ့ခဲ့ကြတယ်။ အထီးကျန်နေတဲ့ ကျမရဲ့ ကမ္ဘာငယ်လေးထဲကို စိုင်းက ပျော်ရွှင်မှုတွေ သယ်ဆောင်လာပေးခဲ့တာပါ။
“ဆရာမ… ဒီနေရာလေး လှတယ်နော်၊ ဓာတ်ပုံရိုက်ပေးမယ်.. ပြုံးလိုက်ပါဦး”
ကင်မရာနောက်ကနေ လှမ်းကြည့်နေတဲ့ စိုင်းရဲ့ မျက်ဝန်းတွေထဲမှာ ဆရာမတစ်ယောက်ကို ကြည့်တဲ့ ရိုသေမှုထက် ပိုလွန်တဲ့ အရိပ်အယောင်တွေကို ကျမ စတင်သတိထားမိလာတယ်။ တိုက်ဆိုင်မှုလား၊ ရည်ရွယ်ချက်ရှိရှိလား မသိနိုင်ပေမယ့် ကျမတို့ နှစ်ယောက် အတူသွားလာနေချိန်တွေမှာ သူ့ရဲ့ အကြည့်တွေက ကျမရဲ့ ခန္ဓာကိုယ် အကောက်အကွေးတွေဆီ ခိုးခိုးရောက်လာတတ်တယ်။
ထူးဆန်းတာက… ကျမ စိတ်မဆိုးမိပါဘူး။ စိတ်ဆိုးရမယ့်အစား ရင်တွေတုန်ပြီး ကြည်နူးတဲ့ ခံစားမှုကို ရရှိနေမိတယ်။ ကျမထက် ၁၃ နှစ်လောက် ငယ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို ခံရတာက ကျမရဲ့ မိန်းမသားမာနကို ပိုပြီး ကျေနပ်စေခဲ့သလားတော့ မသိ။
ကြာလာတော့ ကျမဘက်ကလည်း မရိုးသားချင်တော့ဘူး။ စိုင်း လာမယ့်အချိန်၊ စိုင်းနဲ့ အပြင်သွားမယ့် အချိန်တွေဆိုရင် ကျမ အဝတ်အစား ရွေးချယ်မှုတွေ ပြောင်းလဲလာတယ်။ ခါတိုင်းလို ရိုးရိုးယဉ်ယဉ် မဟုတ်တော့ဘဲ ကိုယ်လုံးအလှ ပေါ်လွင်စေမယ့် အသားကပ် အင်္ကျီပါးပါးလေးတွေ၊ ရင်ဟိုက် တီရှပ်လေးတွေနဲ့ ပေါင်တံဖြူဖြူကို အသားပေးတဲ့ စကတ်တိုတိုလေးတွေကို တမင် ရွေးဝတ်လာမိတယ်။
“စိုင်း… ဆရာမ အိပ်ခန်းထဲက အပေါ်ထပ်စင်ပေါ်မှာ တင်ထားတဲ့ စာအုပ်တွေ ယူပေးပါလား”
တမင်သက်သက် ဖန်တီးယူတဲ့ အခြေအနေတွေမှာ စိုင်းကို ကျမရဲ့ အိပ်ခန်းထဲအထိ ဝင်ခွင့်ပေးလိုက်တယ်။ လှေကားထောင်ပြီး တက်နေတဲ့ သူ့အနောက်နားကနေ ရပ်ကြည့်ရင်း၊ သန်မာတဲ့ သူ့လက်မောင်းကြွက်သားတွေ၊ ကျယ်ပြန့်တဲ့ ရင်အုပ်တွေကို ငေးမောရင်း ကျမစိတ်တွေ လှုပ်ရှားလာရတယ်။ ကျမကို ကျောပေးပြီး ပစ္စည်းယူနေတဲ့ သူ့အနားကို တိုးကပ်သွားပြီး မထိတထိ ပွတ်သီးပွတ်သပ် လုပ်မိတဲ့အခါ စိုင်းရဲ့ ကိုယ်လုံးကြီး တောင့်ခနဲ ဖြစ်သွားတာကို ကျမ သတိထားမိလိုက်တယ်။
သူ့ဘက်ကလည်း ကျမရဲ့ ကိုယ်လုံးအလှကို ခိုးကြည့်နေမှန်းသိတော့ ပိုပြီး ပြချင်လာတယ်။ အိမ်ထဲမှာ လမ်းလျှောက်ရင်တောင် ခါးလေးကို ပိုနွဲ့၊ တင်ပါးကို ပိုလှုပ်ပြီး လမ်းလျှောက်ပြမိတယ်။ သူကြည့်ချင်နေတဲ့ အလှအပတွေကို မသိမသာ ဖွင့်ဟပြသရင်း ကျမတို့နှစ်ယောက်ကြားက “ဆရာနဲ့ တပည့်” ဆိုတဲ့ စည်းပါးပါးလေးဟာ မီးတောက်တစ်ခုကြောင့် လောင်ကျွမ်းပြာကျသွားဖို့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ။
လေထုထဲမှာ အချစ်စိတ်၊ ရာဂစိတ်တွေ ရောပြွမ်းနေတဲ့ တိတ်ဆိတ်မှုတစ်ခုဟာ ကျမတို့ နှစ်ယောက်ကြားမှာ ကြီးစိုးနေတယ်။ ဘယ်သူက အရင် စတင်မလဲ… ဘယ်အချိန်မှာ ပေါက်ကွဲထွက်လာမလဲ ဆိုတာကို ရင်တမမ နဲ့ စောင့်မျှော်နေမိတဲ့ အခြေအနေ တစ်ခုပါပဲရှင်…။
Related
Comments for chapter "Chapter-01"
MANGA DISCUSSION
Madara Info
Madara stands as a beacon for those desiring to craft a captivating online comic and manga reading platform on WordPress
For custom work request, please send email to wpstylish(at)gmail(dot)com