Chapter-02
ထိုနေ့ကတော့ မချောလေး ထိပ်ထားခင်တစ်ယောက် မြို့မှ (၃) နာရီခန့် ကားမောင်းရတဲ့ မြို့လေးမှာရှိတဲ့ သူမပိုင် ထုတ်ကုန်စက်ရုံတစ်ခုဆီ အစည်းအဝေးသွားခဲ့တာပါ။ ညနေ ၄ နာရီလောက်မှ အလုပ်ကိစ္စတွေ ပြီးသွားတာမို့ မြို့ကိုပြန်ဖို့ စက်ရုံကနေ ကားမောင်းထွက်လာခဲ့ပါတယ်။ နာရီဝက်ခန့် ကြာတဲ့အခါ မြို့ပြင်ဘက်က တိတ်ဆိတ်လှတဲ့ တောလမ်းတစ်ခုအရောက်မှာတော့ သူမမောင်းလာတဲ့ ကားလေးက ဘာဖြစ်သွားမှန်းမသိဘဲ ရုတ်တရက် စက်ရပ်သွားပါတော့တယ်။
ထိပ်ထားခင်တစ်ယောက် အနည်းငယ် ထိတ်လန့်သွားမိပြီး ဘာလုပ်ရမှန်း မသိဖြစ်နေရပါတယ်။ လမ်းဘေးတစ်ဖက်တစ်ချက်မှာလည်း အိမ်ခြေမရှိဘဲ သစ်ပင်ကြီးငယ်တွေနဲ့သာ ဝန်းရံနေပြီး လမ်းသွားလမ်းလာ ကားတွေလည်း မတွေ့ရပါဘူး။ သူမရဲ့ ဖုန်းလေးကိုထုတ်ပြီး အကူအညီတောင်းဖို့ ကြိုးစားပေမဲ့လည်း ဖုန်းလိုင်းက လုံးဝမမိပြန်ပါဘူး။
ထိပ်ထားခင်တစ်ယောက် ကားထဲမှာ တစ်ယောက်တည်း စိုးရိမ်တကြီး ဖြစ်နေတုန်းမှာပဲ၊ သူမရဲ့ ကားအရှေ့မှာ ပန်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားအပြာလေးတစ်စီး လာရောက်ရပ်တန့်လိုက်ပါတယ်။ ထိုကားပေါ်ကနေ ထောင်ထောင်မောင်းမောင်းနဲ့ လူချောလေးတစ်ယောက် ဆင်းလာပြီး ထိပ်ထားခင်ရဲ့ ကားနားဆီ လျှောက်လာခဲ့ပါတယ်။ ထိပ်ထားခင်က ကားမှန်လေးကို ချလိုက်တော့ ကောင်လေးက…
“မမ… ကားဘာဖြစ်တာလဲဟင်” လို့ စိုးရိမ်တကြီး မေးလာပါတယ်။
“ဟို… ဘာဖြစ်သွားမှန်း မသိဘူး။ မောင်းလာရင်း စက်ရပ်သွားတာ”
“မမ… စက်ဖုံးဖွင့်တဲ့ ခလုတ်လေး နှိပ်ပေးပါဦး၊ ကျွန်တော် ကြည့်ပေးမယ်”
ထိပ်ထားခင်မှာ ကားသာမောင်းတတ်ပေမဲ့ စက်ခေါင်းပိုင်းကို တစ်ခါမှ မဖွင့်ဖူးတာကြောင့် ခလုတ်က ဘယ်နေရာမှာမှန်း မသိဘဲ ပြာယာခတ်နေရှာပါတယ်။ ထိုအမူအရာလေးကို ကြည့်ပြီး ကောင်လေးက ပြုံးစိစိနဲ့ ကြည့်နေတာမို့ ထိပ်ထားခင်မှာ ရှက်ရှက်နဲ့ပဲ ကောင်လေးကို မျက်စောင်းလေး တစ်ချက် ထိုးလိုက်မိပါတယ်။ ထိုအခါ ကောင်လေးက…
“လာ… မမ… ကျွန်တော် နှိပ်ပေးမယ်”
ကောင်လေးက ကားပြတင်းပေါက်မှတစ်ဆင့် မျက်နှာလေး လျိုဝင်လာကာ ခလုတ်လေးကို နှိပ်ပေးလိုက်ပါတယ်။ ထိုသို့ မျက်နှာချင်းဆိုင် နီးကပ်သွားတဲ့ အခိုက်အတန့်မှာ ကောင်လေးဆီက ရလာတဲ့ ယောက်ျားပီသတဲ့ ကိုယ်သင်းနံ့နဲ့ ချောမောလှပတဲ့ မျက်နှာကြောင့် ထိပ်ထားခင်တစ်ယောက် ရင်တွေ တဒိတ်ဒိတ် ခုန်သွားရရှာပါတယ်။
ကောင်လေးက ကားရှေ့က စက်ဖုံးကို ဖွင့်လိုက်ပြီး… “မမ… ကားစက်ကို (၂) ခါ (၃) ခါလောက် နိုးပေးကြည့်ပါဦး” လို့ ပြောတာကြောင့် ထိပ်ထားခင်က မျက်နှာလေး ဆူဆူနဲ့ပဲ ကားစက်ကို နိုးပေးပေမဲ့ စက်က မနိုးလာပါဘူး။
“ရပြီ မမ… မနိုးနဲ့တော့”
ထိပ်ထားခင်က ကားပေါ်ကနေ ဆင်းလိုက်ပြီး ကောင်လေး စမ်းသပ်နေတာကို ဘေးကနေ အကဲခတ်နေမိပါတယ်။ ခဏကြာမှ ကောင်လေးက…
“ပြင်လို့တော့ ရပါတယ် မမရဲ့။ ဒါပေမဲ့ နာရီဝက်လောက်တော့ ကြာလိမ့်မယ်။ ကျွန်တော့်မှာ ပြင်ဖို့ ပစ္စည်းတွေ ပါမလာလို့၊ ခြံထဲ ပြန်သွားယူရမှာ။ မမ ခဏလေး စောင့်ပေးပါလား”
“ခြံက ဝေးလား မောင်လေး”
“ဟိုအကွေ့နားလေးမှာတင်ပါ မမ။ မမ တစ်ယောက်တည်း မနေရဲရင် ကျွန်တော့်နောက်ကို လိုက်ခဲ့ပါလား”
Related
Comments for chapter "Chapter-02"
MANGA DISCUSSION
Madara Info
Madara stands as a beacon for those desiring to craft a captivating online comic and manga reading platform on WordPress
For custom work request, please send email to wpstylish(at)gmail(dot)com