Chapter-06
ရှမ်းပြည်က လက်ဖက်ခြံ၊ လိမ္မော်ခြံနဲ့ ကျောက်တွင်းပိုင်ရှင် မိသားစုမှ ဆင်းသက်လာသော သားထွေးလေး စိုင်းစိုင်းတွင် အစ်ကို ၃ ယောက်နှင့် အစ်မ ၁ ယောက် ရှိသည်။ ဖခင်ဖြစ်သူမှာ စီးပွားရေးလောကတွင် အောင်မြင်သူတစ်ဦးဖြစ်သဖြင့် အာဏာရှင်ဆန်လှသည်။ စိုင်းစိုင်းနှင့် ဖခင်ဖြစ်သူမှာ အမြင်မတူကြသဖြင့် အမြဲလိုလို သိပ်မတည့်ကြပေ။ စိုင်းစိုင်းသည် ၁၀ တန်းတွင် အမှတ်ကောင်းကောင်းဖြင့် ဆေးကျောင်းတက်ခွင့်ရခဲ့သော်လည်း စက်မှုတက္ကသိုလ်တက်ရန်သာ ရွေးချယ်ခဲ့သည်။ ထိုအခါ ဖခင်ဖြစ်သူက စိတ်ဆိုးမာန်ဆိုးဖြင့် စက်မှုကျောင်းတက်ပါက ကိုယ်တိုင်ငွေရှာ၍တက်ဟု ဆိုကာ စိုင်းစိုင်းအား အိမ်မှနှင်ချလိုက်ပါတော့သည်။
စိုင်းစိုင်းသည် ဤကဲ့သို့ ဖြစ်လာမည်ကို ကြိုတင်တွက်ဆထားပြီးဖြစ်သဖြင့် ၂ နှစ်တာကာလပတ်လုံး ရရှိသမျှ မုန့်ဖိုးငွေများကို စုဆောင်းထားသလို၊ ဖခင်၏ကျောက်တွင်းမှ အရည်အသွေးကောင်းသော တန်ဖိုးရှိကျောက်မျက်ရတနာများကိုလည်း ဖခင်မသိအောင် တိတ်တဆိတ် စုဆောင်းထားခဲ့သည်။ အိမ်မှနှင်ချခံရပြီးနောက် စိုင်းစိုင်းသည် အရည်အသွေးကောင်းသော ကျောက်အချို့ကို ရောင်းချကာ မိမိကျောင်းတက်ရမည့် မြို့ပြင်ရှိ ကေတုဝတီဆိုသော ရွာကြီးမှ ခြံတစ်ခြံကို ဝယ်ယူလိုက်သည်။ ထိုခြံတွင် ဝယ်လိုအားကောင်းသော စားသုံးသီးနှံများနှင့် ပန်းများကို စိုက်ပျိုးကာ ကျောင်းတက်ရန်အတွက် ဝင်ငွေရှာဖွေလေတော့သည်။
ခြံအနောက်ဘက်တွင် တိုက်တစ်လုံး ဆောက်လုပ်ထားကာ ကျောင်းပိတ်ရက်များတွင် လာရောက်နေထိုင်လေ့ရှိသည်။ ကျောင်းတက်ရက်များတွင်မူ မြို့ထဲ၌ ဝယ်ယူထားသော ကွန်ဒိုမီနီယံတွင် နေထိုင်ပြီး သွားလာရန်အတွက် အနက်ရောင်ကားတစ်စီးကို ဝယ်ယူထားသည်။ အစပိုင်းတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း လက်ရှိတွင် နေသားကျသွားပြီဖြစ်ကာ ခြံအလုပ်သမား ၁၀၀ ကျော်ရှိသည့် ဝင်ငွေကောင်းသော ခြံကြီးတစ်ခြံ ဖြစ်လာခဲ့သည်။ စိုင်းစိုင်းအား ခြံအလုပ်သမားများက “သခင်လေး” ဟု ခေါ်ကြရာမှ “မောရိပ်မြေခြံသခင်လေး” ဟု နာမည်ကြီးနေကာ လက်ရှိတွင် တတိယနှစ် အတန်းတက်ရန် ပြင်ဆင်နေသော စက်မှုကျောင်းသားတစ်ဦး ဖြစ်သည်။
အိမ်မှနှင်ချခံရပြီးနောက် စိုင်းစိုင်းသည် ကြိုတင်ငှားရမ်းထားသော အခန်းလေးထဲတွင် ခေတ္တနေထိုင်ကာ အနာဂတ်စီမံကိန်းများကို အကောင်အထည်ဖော်ရန် ပြင်ဆင်လေတော့သည်။ နှစ်ရှည်လများ တိတ်တဆိတ် စုဆောင်းထားသော ကျောက်မျက်ရတနာများကို ရောင်းချရရှိသည့် ငွေများဖြင့် စက်မှုတက္ကသိုလ်ရှိရာ မြို့ပြင်မှ ကေတုဝတီရွာကြီးတွင် ခြံမြေများ ဝယ်ယူခဲ့သည်။ သို့သော် ထိုနေရာသည် ရှေးဘဝကတည်းက မိမိအား စောင့်မျှော်နေကြသည့် သူ၏မယ်တော်နှင့် သခင်လေးလင်္ကာဒီပမင်းသားလေး (သို့မဟုတ်) စိုင်းစိုင်းကို အခစားရန် စောင့်မျှော်နေကြသော အခိုင်းတော် ၅၀၀ နှင့် စစ်ရဲမက် ၁၀၀၀ တို့ အခြေစိုက်ရာ ကေတုမတီမြို့ဟောင်းလေး ဖြစ်နေသည်ကိုမူ စိုင်းစိုင်းတစ်ယောက် မသိရှာပေ။
မယ်တော်ကြီး၏ စောင့်ရှောက်ကူညီမှုကြောင့် ခြံအလုပ်သမားများမှာလည်း မယ်တော်ကြီး၏ လူများသာ ဖြစ်ကြသဖြင့် စိုင်းစိုင်း၏အလုပ်များကို အင်မတန် အထောက်အကူပြုသည်ဟု ဆိုရပေမည်။ ကေတုဝတီရွာကြီးထဲသို့ ဝင်ရောက်လာသည်နှင့် မယ်တော်ကြီး၏ အာဏာစက်ကွင်းထဲသို့ ကျရောက်သွားကာ မယ်တော်ကြီး၏ စီမံချက်အတိုင်း အလိုအလျောက် လိုက်နာကြရသည်ကိုမူ မည်သူမျှ သတိမပြုမိလိုက်ကြပေ။
စိုင်းစိုင်းသည် ခြံမြေကွက်များကို တဖြည်းဖြည်း စုစည်းဝယ်ယူခဲ့ပြီး နေ့စဉ်ရောင်းချနိုင်သော ဟင်းသီးဟင်းရွက်များ၊ ဈေးကွက်ဝင် သစ်သီးဝလံများ၊ မှိုခြံများနှင့် ပန်းပင်များကို စနစ်တကျ စတင်စိုက်ပျိုးလေတော့သည်။ ခေတ်မီနည်းစနစ်များ၊ နည်းပညာများကို အသုံးပြုကာ စီးပွားဖြစ် လက်လီလက်ကား ဖြန့်ဖြူးပေးနိုင်သည့် ခေတ်မီခြံကြီးတစ်ခြံ ဖြစ်လာခဲ့သည်။ ဈေးကွက်တွင် ဝယ်လိုအားရှိနေသဖြင့် အနီးနားမြို့များရှိ ဈေးသည်များအထိ ဖောက်သည်ပြန့်သွားကာ ဖော်ရွေသော ဆက်ဆံရေးကြောင့် စီးပွားဖြစ်ထွန်းလာလေတော့သည်။
ထို့အပြင် အလုပ်သမားများကိုလည်း ကောင်းမွန်စွာ ဆက်ဆံကာ ကြည့်ရှုစောင့်ရှောက်သဖြင့် အသက်ငယ်သော်လည်း အလုပ်တွင် တော်လွန်းသော စိုင်းစိုင်းမှာ ခြံအလုပ်သမားများ၏ ချစ်ခင်လေးစားမှုကို ခံရပြီး “သခင်လေး” ဟု ချစ်စနိုး ခေါ်ဝေါ်ခြင်း ခံရသည်။ ၁ နှစ်အတွင်း ကျောင်းတစ်ဖက်၊ ခြံအလုပ်တစ်ဖက်နှင့် အသက် ၁၈ နှစ်အရွယ် စိုင်းစိုင်းသည် အောင်မြင်သော စီးပွားရေးသမားတစ်ဦးအဖြစ် ထင်ရှားလာခဲ့သည်။
စိုင်းစိုင်းသည် အလုပ်နှင့် ကျောင်းစာတွင်သာ အာရုံစိုက်နေရသဖြင့် ကာမစိတ်ထန်နေသော်လည်း မိန်းကလေးများနှင့် အပျော်အပါးလိုက်စားရန် အချိန်မရှိခဲ့ပေ။ သို့သော်လည်း တတိယနှစ်သို့ ရောက်ရှိလာချိန်တွင် စီးပွားရေးမှာ နေသားကျလာပြီဖြစ်သဖြင့် ၃ နှစ်တာအတွင်း ရပ်နားထားရသော မတထောင်အင်း၏ အစွမ်းကိုပြရန် အချိန်ရောက်လာလေတော့သည်။
Related
Comments for chapter "Chapter-06"
MANGA DISCUSSION
Madara Info
Madara stands as a beacon for those desiring to craft a captivating online comic and manga reading platform on WordPress
For custom work request, please send email to wpstylish(at)gmail(dot)com