Chapter-03
“သားလေးကို အဖိုး ကျေးဇူးဆပ်ချင်တယ်… လူချစ်လူခင်များတဲ့ ဂါထာပေးမယ်။ ဒါပေမဲ့ သူများသားသမီးကိုတော့ မပြစ်မှားရဘူးနော်” ဟု အဖိုးအိုက ဆိုသည်။
စိုင်းစိုင်း က ရိုးသားစွာပင် ပြန်ပြောလိုက်သည်။ “ဒါဆိုရင်တော့ ကျွန်တော် မယူတော့ဘူး အဘ။ ကျွန်တော်က မိန်းကလေးချောချောလေးတွေတွေ့ရင် လိုချင်တာကြီးပဲ။ အဘပြောတဲ့ စည်းကမ်းကို ကျွန်တော် လိုက်နာနိုင်မှာ မဟုတ်ဘူး”
အဖိုးအိုက စိုင်းစိုင်း ၏ ရိုးသားမှုကို သဘောကျကာ အားရပါးရ ရယ်မောလေတော့သည်။ “ဟားဟား… မင်းလို လူမျိုးကိုမှ ငါက ပေးချင်တာကွ။ ကဲ… လာခဲ့။ မင်းရဲ့ ကိုယ်ပေါ်မှာ ၉ နေရာ ဆေးမင်ထိုးပေးမယ်။ ဒီဆေးမင်က ‘ကျားတကောင် မတထောင်’ အင်းကွက်ပဲ။ မင်းရဲ့ လိုအင်ဆန္ဒတွေကို ဒီအင်းက ဖြည့်ဆည်းပေးလိမ့်မယ်။ တစ်ဖက်သားက မင်းရဲ့အလိုကို မငြင်းနိုင်အောင် ဒီအင်းက အစွမ်းပြလိမ့်မယ်”
အဖိုးအိုသည် ဂါထာများကို တတွတ်တွတ်ရွတ်ဆိုရင်း စိုင်းစိုင်း ၏ ခန္ဓာကိုယ်ရှိ အချက်အချာကျသော ၉ နေရာတွင် ဆေးမင်များကို ကျွမ်းကျင်စွာ ထိုးနှံပေးလိုက်သည်။ စိုင်းစိုင်း သည် ထိုအချိန်က မသိခဲ့သည်မှာ ထိုအဖိုးအိုသည် ၁၀ နှစ်မှ တစ်ကြိမ်သာ တောထဲမှ ထွက်လာတတ်သည့် အလွန်စွမ်းထက်သော ရှမ်းမှော်ဆရာကြီး ဖြစ်နေခြင်းပင်။
ဆေးမင်ထိုးပြီးချိန်မှစ၍ စိုင်းစိုင်း ၏ သွေးသားထဲတွင် ထူးခြားသော နွေးထူးမှုနှင့်အတူ ဆွဲဆောင်မှု ညှို့ဓာတ်များ ကိန်းအောင်းသွားတော့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ လင်္ကာဒီပမင်းသား၏ ဝိညာဉ်သည်လည်း ထိုမှော်အင်းကွက်နှင့်အတူ နိုးထလာခဲ့ပြီဖြစ်သည်။ ထိုအချိန်တွင် စိုင်းစိုင်း သည် မည်သည့်မိန်းမပျိုကိုမဆို သူ၏ ညှို့ဓာတ်ဖြင့် နလန်မထူနိုင်အောင် ဖမ်းစားနိုင်သည့် ထက်မက်သည့်မှော်အစွမ်းအစနှင့်ထူးခြားသည့်အင်းကွက်များသူ၏ကိုယ်ထဲတွင်တထပ်ထည်းပေါင်းစည်သွားပြီကိုသတိမထားလိုက်မိ။
Related
Comments for chapter "Chapter-03"
MANGA DISCUSSION
Madara Info
Madara stands as a beacon for those desiring to craft a captivating online comic and manga reading platform on WordPress
For custom work request, please send email to wpstylish(at)gmail(dot)com