Chapter-01
ရှေးရှေးတုန်းက… ကေတုဝတီ အမည်ရှိသော အလွန်အင်အားကြီးမားသည့် တိုင်းပြည်ကြီးတစ်ခုတွင် ကျားဖြူမင်းကြီး သည် တရားသဖြင့် အုပ်စိုးနေလေ၏။ ထိုတိုင်းပြည်သည် ရေလမ်းကုန်လမ်း ကူးသန်းရောင်းဝယ်ရေး၏ ဗဟိုချက်မဖြစ်ပြီး သာယာဝပြောသော ပြည်ကြီး (၁၀) ပြည်တွင် တစ်ပြည်အပါအဝင် ဖြစ်သည်။
မင်းကြီးတွင် နန်းလျာဆက်ခံရန် အရွယ်ရောက်နေသော သားတော် (၇) ပါး ရှိသည့်အနက် အငယ်ဆုံးသားတော် လင်္ကာဒီပ မင်းသားလေးသည် မွေးကင်းစကတည်းက ကျန်းမာရေးချူချာသူ ဖြစ်သည်။ စာပေနှင့် အုပ်ချုပ်ရေးပညာတွင် ထူးချွန်သော်လည်း အမောမခံနိုင်သဖြင့် မည်သည့်ကိုယ်ခံပညာ၊ ဓားသိုင်း၊ လှံသိုင်းကိုမျှ မသင်ယူနိုင်ခဲ့ပေ။ ထို့ကြောင့်လည်း မယ်တော်မိဘုရားကြီး ကလျာဒီပ က သားတော်လေးကို အစစအရာရာ အလိုလိုက်ကာ အချစ်ပိုနေရှာသည်။
သားတော်လေး အသက် (၁၈) နှစ်ပြည့်လျှင် လက်ဆက်ရန်အတွက် မယ်တော်ကြီးသည် မိဘုရားခေါင်နေရာတွင် သုစန္ဒာဒေဝီ၊ နန်းဆောင်အသီးသီးအတွက် မင်းသမီးများနှင့်အတူ နယ်စားမြို့စားများ၊ သူဌေးကြီးများက ဆက်သလာသော အချောအလှလေးများ စုစုပေါင်း (၁၀၀) ကျော်ကို သားတော်လေး၏ “အပျော်တော်အိမ်တော်” အတွင်း၌ အသင့်ပြင်ဆင်ပေးထားခဲ့သည်။
ရွှေငွေရတနာများ၊ အခိုင်းအစေ (၅၀၀) နှင့် စစ်သည် (၁၀၀၀) တို့ဖြင့် ဝန်းရံထားသော ထိုအိမ်တော်ကြီးအတွင်း၌ သားတော်လေးသည် ကာမဂုဏ်၏ အရသာကို တစ်ဝကြီး ခံစားနိုင်ရန် မယ်တော်ကြီးက စီမံထားသော်လည်း… သားတော်လေး ကျောင်းတော်မှအပြန်ကို စောင့်နေစဉ်မှာပင် ပြင်းထန်သော မြေငလျင်ကြီးလှုပ်ကာ ကေတုဝတီပြည်ကြီးတစ်ခုလုံး မြေအောက်သို့ နစ်မြုပ်ပျက်စီးသွားခဲ့လေတော့သည်။
သို့သော် သားတော်လေးအပေါ် ထားရှိသော မယ်တော်ကြီး၏ မကျွတ်လွတ်နိုင်သော အချစ်နှင့် ပြင်းပြသော စိတ်ဆန္ဒများကြောင့်… ခေတ်အဆက်ဆက် ပြောင်းလဲလာစေကာမူ မယ်တော်ကြီး၏ ဝိညာဉ်မှာ သားတော်လေးအပြန်ကို စောင့်မျှော်နေဆဲဖြစ်သည်။
Related
Comments for chapter "Chapter-01"
MANGA DISCUSSION
Madara Info
Madara stands as a beacon for those desiring to craft a captivating online comic and manga reading platform on WordPress
For custom work request, please send email to wpstylish(at)gmail(dot)com